back

အမေရိကန်နိုင်ငံမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားနိုင်ဖို့ ထပ်မံကြိုးပမ်းသွားမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြောကြား

Feb 27 • 4:15 AM

breaking-news

Myanmar

International

cover

အမေရိကန်နိုင်ငံမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားနိုင်ဖို့ ထပ်မံကြိုးပမ်းသွားမယ်လို့ လာလီဂါဥက္ကဋ္ဌ ပြောကြား

လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဟာဗီယာတီဘက်စ်က အမေရိကန်နိုင်ငံမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားနိုင်ဖို့ ထပ်မံကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။တီဘက်စ်က လာလ...

လာလီဂါပြိုင်ပွဲရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဟာဗီယာတီဘက်စ်က အမေရိကန်နိုင်ငံမှာ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားနိုင်ဖို့ ထပ်မံကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။တီဘက်စ်က လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်နိုင်ငံမှာ နှစ်စဉ် ယှဉ်ပြိုင်ကစားသွားဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ဒီအစီအစဉ်ဖြစ်မြောက်ဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ဘာစီလိုနာနဲ့ ဗီလာရီးယဲလ်တို့ရဲ့ လာလီဂါပွဲကို အမေရိကန်နိုင်ငံက မိုင်ယာမီမြို့မှာ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ခဲ့တာဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်တို့ကလည်း သဘောတူခွင့်ပြုခဲ့ပြီးဖြစ်ပေမဲ့ ကစားသမားတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ တီဘက်စ်က ဒီစိတ်ကူးကို လက်လျှော့မှာ မဟုတ်ကြောင်းနဲ့ ထပ်မံကြိုးပမ်းသွားမှာဖြစ်ကြောင်း လန်ဒန်မှာပြုလုပ်ခဲ့တဲ့ Financial Times Business of Football Summit အခမ်းအနားမှာပြောကြားခဲ့တာပါ။

news-view-count-icon

20