ဒီကနေ့မနက်ကစားခဲ့တဲ့ ဘရာဇီးပြည်တွင်းပွဲစဉ်မှာ နေမာက ဆန်းတိုစ့်အသင်းအတွက် ၂ ဂိုးသွင်းယူပြီး ဗာစကိုဒဂါးမားစ်အသင်းကို ၂-၁ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ် ။ ဒီပွဲဟာ injury ကနေ ပြန်လည်ကောင်းမွန်လာအပြီး ကစားခဲ့တဲ့ ၃ ပွဲမြောက်ပွဲစဉ်ဖြစ်ခဲ့တာပါ ။ အဖွင့်ဂိုးကို သွင်းယူအပြီးမှာလည်း ရီးရဲမက်ဒရစ်စတား ဗီနီးရှပ် ဂျူနီယာရဲ့ပုံစံမျိုးနဲ့ အောင်ပွဲခံသွားခဲ့ပါသေးတယ် ။ တပွဲထက်တပွဲ ပိုကောင်းလာတဲ့နေမာကို ကမ္ဘာ့ဖလားမှာ မြင်တွေ့ခွင့်ရရှိနိုင်မလားဆိုပြီး ထင်ကြေးပေးနေကြပါတယ်။



