back

ရခိုင်ပြည်ပြင်ပကနေ တင်သွင်းလာတဲ့ အရက်၊ဘီယာတွေကို မြေပုံမြို့မှာ ဖမ်းဆီး

Feb 27 • 4:12 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်ပြင်ပကနေ တင်သွင်းလာတဲ့ အရက်၊ဘီယာတွေကို မြေပုံမြို့မှာ ဖမ်းဆီး

ရခိုင်ပြည်ပြင်ပကနေ တရားမဝင် တင်သွင်းလာတဲ့ အရက်နဲ့ဘီယာတွေကို မြေပုံမြို့မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါ...

ရခိုင်ပြည်ပြင်ပကနေ တရားမဝင် တင်သွင်းလာတဲ့ အရက်နဲ့ဘီယာတွေကို မြေပုံမြို့မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။ ဖမ်းဆီးမိတဲ့ အထဲမှာ ANDAMAN အရှည် ၂၄ ဖာ၊ Grand Sherry Cask ၂၁ ဖာနဲ့ ၇ လုံးဖြစ်တယ်လို့ Arakan Princess Media ( APM) က ဓာတ်ပုံနဲ့ တစ်ကွသတင်း ဖော်ပြပါတယ်။ ဒီပစ္စည်းတွေကို မြေပုံမြို့၊ သဲတန်းရပ်ကွက်ကနေ ဖမ်းမိတာလို့ ဆိုပါတယ်။ အခုလို တင်သွင်းရောင်းချခွင့်ကို ပိတ်ထားတဲ့ အတွက် ဗမာပြည်မကနေ ရခိုင်ပြည်ကို နှစ်စဉ် ကျပ်ငွေကုဋေနဲ့ချီပြီး တင်သွင်းတဲ့အရက်နဲ့ ဘီယာဖိုးကို သက်သာမှုရစေခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ 

news-view-count-icon

36