back

စင်ကာပူမှာ ရည်းစားပေးတဲ့ ငွေအတုကို လာလဲဖို့ ကြိုးစားရာကနေ ထောင်နန်းစံလိုက်ရတဲ့ လူငယ်တစ်ဦး

Feb 27 • 4:10 AM

breaking-news

Singapore

Local News

cover

စင်ကာပူမှာ ရည်းစားပေးတဲ့ ငွေအတုကို လာလဲဖို့ ကြိုးစားရာကနေ ထောင်နန်းစံလိုက်ရတဲ့ လူငယ်တစ်ဦး

စင်ကာပူဒေါ်လာ ၁ သောင်းတန် ငွေစက္ကူအတုကို ဘဏ်အကောင့်ထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး ထောင်ဒဏ် ၇ လ ချမှတ်ခံလိုက်ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်...

စင်ကာပူဒေါ်လာ ၁ သောင်းတန် ငွေစက္ကူအတုကို ဘဏ်အကောင့်ထဲ ထည့်သွင်းဖို့ ကြိုးစားခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး ထောင်ဒဏ် ၇ လ ချမှတ်ခံလိုက်ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်‌။ အသက် ၂၂ နှစ်အရွယ် Aurick Kenji Almira Valeryan ဆိုသူဟာ ၂၀၂၅ ခုနှစ်၊ မေလအတွင်းက အင်ဒိုနီးရှားနိုင်ငံမှာရှိနေစဉ် ၎င်းရဲ့ ရည်းစားဖြစ်သူ "Abrillia" ဆီကနေ အဆိုပါ ငွေစက္ကူအတုကို ရရှိခဲ့တာပါ။ ၎င်းရဲ့ ရည်းစားဖြစ်သူက ဒီငွေစက္ကူဟာ မုန့်တိုက်တစ်ခုက သူမရဲ့လက်အောက်ငယ်သားတစ်ဦးက ဆိုင်ခန်းအလွတ်တစ်ခုထဲက သံသေတ္တာဟောင်းအတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး တန်ဖိုးကြီးလွန်းလို့ အင်ဒိုနီးရှားမှာ လဲလှယ်လို့မရကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ Aurick ဟာ ဒီငွေစက္ကူ ရရှိလာပုံကို သံသယရှိခဲ့သလို အင်ဒိုနီးရှားက ငွေလဲစင်တာတွေမှာ သွားရောက်လဲလှယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အငြင်းခံခဲ့ရတာကြောင့် စင်ကာပူကို လာရောက်ပြီး ဘဏ်ထဲထည့်ဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်‌။တရားခံ Aurick ဟာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာ စင်ကာပူကို ရောက်ရှိလာခဲ့ပြီး စင်ကာပူမှာ နေထိုင်နေတဲ့ ၎င်းရဲ့ ဦးလေးဖြစ်သူကို အကူအညီတောင်းခဲ့ပါတယ်‌။ ၎င်းက ဒီငွေစက္ကူဟာ အလုပ်ရှင်ဆီက ဘောနပ်စ်ရထားတာဖြစ်ကြောင်း လိမ်ညာပြောဆိုပြီး ဦးလေးဖြစ်သူရဲ့ ဘဏ်အကောင့်ထဲကို ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့တာပါ။ နောက်တစ်နေ့ ညနေ ၂ နာရီဝန်းကျင်မှာတော့ Clementi အရပ်မှာရှိတဲ့ ဘဏ်ခွဲတစ်ခုကို သွားရောက်ပြီး ငွေသွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘဏ်ဝန်ထမ်းက ငွေစက္ကူကို စစ်ဆေးကြည့်တဲ့အခါမှာ အရောင်လွင့်နေတာနဲ့ မင်သားမကြည်လင်တာ စတဲ့ သံသယဖြစ်ဖွယ် အချက်အလက်တွေကို တွေ့ရှိခဲ့တာကြောင့် အာဏာပိုင်တွေကို အကြောင်းကြားခဲ့ရာကနေ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်‌။ တရားရုံးမှာ စင်ကာပူငွေကြေးစနစ်ကို ထိခိုက်စေနိုင်တဲ့အပြင် ဘဏ်အနေနဲ့လည်း တန်ဖိုးမရှိတဲ့ စက္ကူတစ်ရွက်အတွက် ဒေါ်လာတစ်သောင်း ဆုံးရှုံးနိုင်ခြေရှိခဲ့တာကြောင့် အခုလို ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်‌။

news-view-count-icon

7