အထူးဒေသ(၆)၊ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ဖါမွန်းကျေးရွာအုပ်စု ၊တွူးလုံးရွာ သဟဓမ္မိကဗုဒ္ဓအကယ်ဒမီကျောင်းတိုက်တွင် ၁လကြာနွေရာသီသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါသင်တန်းကိုတက်ရောက်မည့်သင်တန်းသူ/သားများသည်တပေါင်းလဆန်း၁၃ရက်(၂၈.၂.၂၀၂၆)စနေနေ့ တွင်အရောက်လာကြရမည်ဖြစ်ပြီး ၊၁၄ရက်(၁.၃.၂၀၂၆)တနင်္ဂနွေနေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သင်တန်းတာဝန်ရှိသူထံမှသိရသည်၊အဆိုပါသင်တန်းတွင် ပအိုဝ်းစာ၊ပအိုဝ်းစာပေသမိုင်း၊ပအိုဝ်းသမိုင်း၊ ပေါင်းသင်းဆက်ဆံရေး(SOCIAL COMMUNICATION SKILL)၊အင်္ဂလိပ် (FOUR SKILL)၊စိတ်ဓာတ်ဖွံဖြိုးရေး၊နှင့် ဘဝနေထိုင်နည်း စသည့်ဘာသာရပ်များအဓိကထားသင်ကြားမည်ဖစ်သည်။သင်တန်း၏ရည်ရွယ်ချက်မှာ မျိုဆက်သစ်များ မျိုးချစ်စိတ် ၊ဘာသားရေးအသိပညာများ၊ပေါင်းသင်းဆက်ရေးကောင်းမွန်စေရန် ၊စိတ်ဓာတ်ကြံခိုင်စေရေ၊ဖွံဖြိုးရေးနှင့် လက်တွေ့ဘဝတွင် ကြုံတွေ့ရမည့် လောကဓံအခက်အခဲများကို ဖြေရှင်းတတ်စေရန်ဖြစ်ပါသည်။သင်တန်းသူ/သားများအတွက် သီးသန့်အဆောင်ထားရှိပေပြီး ၊သီသန့်အဆောင်မှူများလည်း ထားရှိ ပေးထားကြောင်း သိရသည်။ သင်တန်းတက်ရောက်သူများသည် မိမိတစ်ကိုယ်ရည်သုံး ပစ္စည်းများ၊ အသုံးအဆောင်များ ယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။



