back

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာ အင်္ဂလန်ကလပ်(၉)သင်းစလုံး (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့

Feb 27 • 3:49 AM

breaking-news

Myanmar

International

cover

ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာ အင်္ဂလန်ကလပ်(၉)သင်းစလုံး (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့

ဒီရာသီမှာ ဥရောပပြိုင်ပွဲ(၃)ခုဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အင်္ဂလန်ကလပ်(၉)သင်းစလုံး (၁၆)သင်းအဆင့်ကို တက်ရောက...

ဒီရာသီမှာ ဥရောပပြိုင်ပွဲ(၃)ခုဖြစ်တဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အင်္ဂလန်ကလပ်(၉)သင်းစလုံး (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ စပါးတို့ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အားလုံး (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့သလို၊ ယူရိုပါလိဂ်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ အက်စတွန်ဗီလာနဲ့ နော်တင်ဟမ်ဖောရက်စ်၊ ကွန်းဖရန့်လိဂ်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်တို့လည်း (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ဒုတိယအကျော့မှာ နော်တင်ဟမ်ဖောရက်စ်က ဖီနာဘာချီကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ပထမအကျော့မှာ (၃-၀)ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်း(၄-၂)ဂိုးနဲ့ (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

news-view-count-icon

25