ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသသည် ပေ၊ ပုရပိုက်များ၌သာရှိပြီး နှစ်ပေါင်းရာချီ၍ တည်းဖြတ်ခြင်းမရှိသည့် ပါဠိကျမ်းစာဟောင်းများကို ပြင်ဆင်သုတ်သင် တည်းဖြတ်တင်သွင်းခဲ့ကြသော ဆရာတော် ၅ ပါးအား ပညာဘူမိတက္ကသိုလ်၏ အမြင့်ဆုံးဘွဲ့ဖြစ်သော ပါဠိသတ္ထဝိဘာဝီ Doctor of Literature (D.Litt) ဘွဲ့ကို ကိုယ်တိုင်အပ်နှင်းတော်မူခဲ့သည်။ ဘွဲ့တော်အပ်နှင်းခြင်းခံရသည့် ဆရာတော်များတွင် စစ်ကိုင်းမဟာဂန္ဓာရုံကျောင်းတိုက်မှ ဘဒ္ဒန္တဝိဇ္ဇာနန္ဒာဘိဝံသ၊ ရန်ကုန်စိန်ရတနာကျောင်းတိုက်မှ ဘဒ္ဒန္တသာသနဝရ၊ လှည်းကူးဓမ္မာဓိပတိရိပ်သာမှ ဘဒ္ဒန္တအာဒိစ္စဝံသာလင်္ကာရ၊ ဝက်လက်ရှိမ္မကားရွာမှ ဘဒ္ဒန္တသိရိန္ဒနှင့် စစ်ကိုင်းမဟာမင်းထင်ကျောင်းတိုက်မှ ဘဒ္ဒန္တပညာနန္ဒာလင်္ကာရတို့ ပါဝင်ကြသည်။ အဆိုပါဆရာတော်ကြီးများသည် နှစ်ပေါင်း ၁၀၀ မှ ၄၄၈ နှစ်အထိ သက်တမ်းရှိပြီး အရေးအသား ချွတ်ချော်မှုရှိနေသည့် ပါဠိကျမ်းစာများကို စနစ်တကျ ပြင်ဆင်တည်းဖြတ်ကာ တက္ကသိုလ်၏ Academic Board သို့ တင်သွင်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပါမောက္ခချုပ်ဆရာတော်ကြီးက ဆရာတော် ၅ ပါးအား ပညာဘူမိတက္ကသိုလ်၏ အမြင့်ဆုံး D.Litt ဘွဲ့ကို ကိုယ်တိုင်အပ်နှင်း
Feb 27 • 2:18 AM
Myanmar
Local
Share
| 40 | 0 | 0 | 0 |


