နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၄၄/၃) နှင့် (၂၄၄/၄) ဖာလုံကြားမှာ မနေ့က ဖေဖော်ဝါရီ၂၆ရက် ညနေ၆နာရီ မိနစ် ၂၀ခန့်က ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ကုက္ကိုပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ယာဉ်တိုက်မှုကြောင့် အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊အမျိုးသား (၁)ဦးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ပြီး အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပါတယ်။သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ဘုရားတောင်အမြန်လမ်းရဲစခန်းမှသူနာတင်ယာဉ်(၁)စီး၊ ဖြူစင်မေတ္တာပရဟိတအသင်း က သူနာတင်ယာဉ်(၁)စီးတို့နဲ့ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်(၁)စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ကုက္ကိုပင်အား ဝင်တိုက်၊၁ဦးသေဆုံး
Feb 27 • 2:02 AM
Myanmar
Naypyidaw
Share
| 19 | 0 | 0 | 0 |


