တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိလာသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းက ပေကျင်းမြို့ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံသည် ကမ္ဘာ့ ဒုတိယနှင့် တတိယအကြီးဆုံး စီးပွားရေးအစုအဖွဲ့များ ကိုယ်စီဖြစ်ကြရာ တရုတ်-ဂျာမနီ ဆက်ဆံရေးသည် နှစ်နိုင်ငံအကျိုးစီးပွားနှင့် သက်ဆိုင်ရုံသာမက ဥရောပနှင့် ကမ္ဘာကြီးအတွက်လည်း အရေးပါသည့် ဆက်စပ်သက်ရောက်မှုများ ရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ လက်ရှိနိုင်ငံတကာ အခြေအနေသည် ဒုတိယကမ္ဘာစစ် အဆုံးသတ်ပြီးနောက်ပိုင်း အနက်ရှိုင်းဆုံးသော ဆင့်ကဲပြောင်းလဲမှုများကို ဖြတ်သန်းနေရကြောင်း၊ ကမ္ဘာကြီး ပြောင်းလဲရှုပ်ထွေးမှု ပို၍များပြားလာသည်နှင့်အမျှ တရုတ်-ဂျာမနီ နှစ်နိုင်ငံအနေဖြင့် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှု အားဖြည့်ရန်၊ မဟာဗျူဟာအပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်၊ တရုတ်-ဂျာမနီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုအသစ်များ စဉ်ဆက်မပြတ်ရရှိရေး တွန်းအားပေးရန် ပို၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 
Feb 27 • 1:43 AM
China
Local News
Share
| 7 | 0 | 0 | 0 |


