ခရိုအေးရှား လူပုံစံတူစက်ရုပ် “Tonka” ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ခရိုအေးရှားနိုင်ငံ ဇာဂရပ်ဘ်မြို့ Rudjer Boskovic သုတေသနဌာန၌ ကျင်းပသည့် လူပုံစံတူစက်ရုပ်အစည်းအဝေးတွင် စတင်မိတ်ဆက်ခဲ့သည်။ ၎င်းစက်ရုပ်အား မိတ်ဆက်ပြသရာ၌ “Tonka” စက်ရုပ်သည် ချောမွေ့သောကပြဟန်နှင့် ကွန်ဖူးဖျော်ဖြေတင်ဆက်မှုတို့ဖြင့် ပရိသတ်များစွာ၏အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။အဆိုပါစက်ရုပ်သည် တရုတ်ကုမ္ပဏီ Unitree Robotics ၏ G1 ပလက်ဖောင်းကို အခြေခံ၍ ဖန်တီးထားကာ အသံဆက်သွယ်ရေးစနစ်နှင့် မော်တာထိန်းချုပ်မှုမြှင့်တင်ခြင်းစနစ်ကိုမူ ခရိုအေးရှားကုမ္ပဏီ Vandri Robotics နှင့် ၎င်း၏ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်တို့ အတူဖော်ဆောင်ခြင်းဖြစ်သည်။ အစည်းအဝေး၌ တင်ဆက်ပြသရာ၌ “Tonka” စက်ရုပ်သည် အကနှင့် ကွန်ဖူးလှုပ်ရှားချက်များဖြင့် ဖျော်ဖြေပြသခဲ့ပြီး ခရိုအေးရှား ဘာသာစကားကိုအသုံးပြု၍ လူနှင့်အပြန်အလှန်ပြောဆိုနိုင်သည့်အပြင် တရုတ်ဘာသာစကားဖြင့် တရုတ်သတင်းထောက်ကိုလည်း နှုတ်ဆက်ခဲ့သည်။အဆိုပါစက်ရုပ်များသည် ဧည့်သည်များအားကြိုဆိုခြင်း၊ အမှာစာစီမံခန့်ခွဲခြင်းနှင့် သတင်းအချက်အလက် စုံစမ်းမေးမြန်းမှု စသည့်ဝန်ဆောင်မှုများကို တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
Feb 27 • 1:42 AM
China
Local News
Share
| 7 | 0 | 0 | 0 |


