back

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ၁၀နှစ်ဆက်တိုက် ကျဆင်း

Feb 27 • 1:41 AM

breaking-news

Japan

Local News

cover

ဂျပန်တွင် ကလေးမွေးဖွားနှုန်း ၁၀နှစ်ဆက်တိုက် ကျဆင်း

ဂျပန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းမှာလည်း ကျဆင်းခဲ့၍ ၁၀ နှစ်ဆက်တိုက်ကျဆင်းခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ဂျပန်အစိုးရအ...

ဂျပန်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ကလေးမွေးဖွားနှုန်းမှာလည်း ကျဆင်းခဲ့၍ ၁၀ နှစ်ဆက်တိုက်ကျဆင်းခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် ဂျပန်အစိုးရအချက်အလက်များအရ သိရသည်။ယင်းအခြေအနေမှာ ဝန်ကြီးချုပ် ဆာနအဲတာကအိချိအတွက် ကြီးမားသော စိန်ခေါ်မှုများရှိနေကြောင်းကို မီးမောင်းထိုးပြနေသည်။ဂျပန်ကျန်းမာရေးဝန်ကြီးဌာန၏ ကနဦးအချက်အလက်များအရ ၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ မွေးဖွားသည့် စုစုပေါင်း မွေးကင်းစကလေးငယ် ၇၀၅,၈၀၉ ဦးရှိခဲ့ကာ ယင်းမှာ ၂၀၂၄ ခုနှစ်ထက် ၂ ဒသမ ၁ ရာခိုင်နှုန်း လျော့နည်းသွားခြင်းဖြစ်သည်။အဆိုပါ စာရင်းဇယားများတွင် ဂျပန်နိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများက မွေးဖွားလာသော ကလေးငယ်များအပြင် ပြည်ပရောက် ဂျပန်နိုင်ငံသားများက မွေးဖွားလာသည့် ကလေးငယ်များလည်း ပါဝင်သည်။

news-view-count-icon

10