ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ထဲတွင် နေ့လည်နေ့ခင်းမှာလည်း သူခိုးဓားပြတိုက်မှု မကြာခဏဖြစ်နေ၍ လုံခြုံမှုမရှိသောကြောင့် ဒေသခံများ စိုးရိမ်ကြောက်ကြနေရကြောင်း သိရသည်။"တစ်ပတ်အတွင်းမှာကို ဘယ်နှကြိမ်လည်း မသိဘူး။ ဒီရပ်ကွက်မဟုတ်ရင် ဟိုရပ်ကွက်။ ဒါတောင် နေ့လည်နော် မနေ့တနေ့ကလည်း ဆိုင်တခုမှာ မိန်းကလေးငယ်စျေးရောင်းနေတာကို သေနတ်ထောက်ပြီး ပိုက်ဆံယူ၊ ခေါ်ဆောင်သွားတာလေ"ဟု လားရှိုးဒေသခံကဆိုသည်။မြို့ထဲ ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပေါ်နေသော်လည်း တာဝန်ရှိသူမှ ကူညီဖြေရှင်းနိုင်ခြင်း မရှိဘဲ ပိုဆိုးရွားလာကြောင်း သိရသည်။"ဆိုင်ကယ်ပျောက်၊ ကားပျောက်၊ ဓားပြတိုက်ခံရလည်း သွားတိုင်ကြတာ။ ဖြေရှင်းပေးနိုင်တာ မတွေ့သေးဘူး။ ကျွန်တော်တို့အတွက် ကျွန်တော်တို့ကသာ အဓိကပဲ"ဟု ဒေသခံက ဆိုသည်။



