back

ရခိုင်တွင် အင်တာနက်အခက်အခဲကြောင့် အရေးပေါ်အကူအညီပေးရာတွင် နှောင့်နှေးမှုများ ရှိနေ

Feb 27 • 1:39 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တွင် အင်တာနက်အခက်အခဲကြောင့် အရေးပေါ်အကူအညီပေးရာတွင် နှောင့်နှေးမှုများ ရှိနေ

ရခိုင်ပြည်နယ်၌ အင်တာနက် သုံးစွဲမှု အကန့်များရှိနေသဖြင့် အရေးပေါ် လူမှုကူညီရေး လုပ်ငန်းများအပါအဝင် အခြားသော လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းစဉ်များ၌ နှောင့်နှေ...

ရခိုင်ပြည်နယ်၌ အင်တာနက် သုံးစွဲမှု အကန့်များရှိနေသဖြင့် အရေးပေါ် လူမှုကူညီရေး လုပ်ငန်းများအပါအဝင် အခြားသော လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းစဉ်များ၌ နှောင့်နှေးမှုများဖြစ်နေကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။အဓိကအားဖြင့် ကိုယ်ထူကိုယ်ထ ထူထောင်ထားသည့် အရပ်ဖက်အဖွဲ့အစည်းများမှာ အများပြည်သူ အင်တာနက် ဝန်ဆောင်မှုပေးသည့် နေရာများသို့ သွားရောက်အသုံးပြုရသဖြင့် အချိန်ကြန့်ကြာမှုများရှိကာ အရေးပေါ် ကူညီထောက်ပံ့ရာ၌ ကြန့်ကြာမှုများ ရှိနေခြင်းဖြစ်သည်။ ထို့ပြင် အလှူရှင်များအနေဖြင့်လည်း မြေပြင်၌ လှူဒါန်းမှုများအပေါ် အချိန်နှင့်တပြေးညီ မသိရှိရသဖြင့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် အလှူရှင်များနှင့် ယုံကြည်မှုတည်ဆောက်ရာ၌ အခက်ကြုံနေကြရခြင်းဖြစ်သည်။လက်ရှိ ရခိုင်ပြည်တွင် အင်တာနက် ပြတ်တောက်မှုကြောင့် ကျောင်းသားနှင့် လူငယ်များမှာလည်း အလုပ်အကိုင်၊ အထွေထွေ အခွင့်အလမ်းနှင့် အခြား လူမှုဆက်သွယ်ရေးပိုင်းတွင်လည်း နစ်နာနေကြောင်း ပြောကြသည်။

news-view-count-icon

20