မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်ဆက်သွယ်သော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ယမန်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။ မီဇိုးယာဉ်မောင်းတစ်ဦးသေဆုံးမှုကြောင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစ၍ ပိတ်ပင်ထားသည့် အဆိုပါ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ယခုအခါ လောင်တလိုင်ခရိုင်းအတွင်း အခြေအနေများတည်ငြိမ်အေးချမ်းမှုရှိလာပြီဖြစ်သည့်အတွက် အဆိုပါမိန့်ထုတ် ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းကာ နယ်စပ်လမ်းကြောင်းကိုပြန်လည်ဖွင့်ပေးလိုက်ပြီး ယခင်အတိုင်းပုံမှန်သွားလာနိုင် ကြောင်းသိရသည်။



