CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၂.၄၄၆ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကိုလည်း အမေရိကန်ဒေါ်လာ ၂ သန်း ရောင်းပေးခဲ့ပါတယ်။FX Trading မှာ စားသုံးဆီမှ (၁၇%)၊ စက်သုံးဆီမှ (၅၀%)၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်းမှ (၅%)၊ စက်မှုကုန်ကြမ်းမှ (၃%)၊ ဓာတ်မြေဩဇာမှ (၄%)၊ အီလက်ထရောနစ်ပစ္စည်းများမှ (၆%)၊ ကား/ဆိုင်ကယ်အပိုပစ္စည်းမှ (၄%)၊ အခြားကုန်စည်များနှင့် Non Trade Transation များမှ (၁၁%) အသီးသီး နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။ဗဟိုဘဏ်အနေနဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၅၆ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။



