back

၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း စားသုံးသူနစ်နာဆုံးရှုံးသဖြင့် တိုင်ကြားမှုပေါင်း ၂၈၅ ခုရှိခဲ့ပြီး ရန်ကုန်တိုင်းတွင် အမှုအများဆုံးဖြစ်

Feb 26 • 7:47 AM

breaking-news

Myanmar

Local

breaking-news
cover

၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း စားသုံးသူနစ်နာဆုံးရှုံးသဖြင့် တိုင်ကြားမှုပေါင်း ၂၈၅ ခုရှိခဲ့ပြီး ရန်ကုန်တိုင်းတွင် အမှုအများဆုံးဖြစ်

စားသုံးသူနစ်နာဆုံးရှုံးသဖြင့် တိုင်ကြားမှုများအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တိုင်ကြားမှုပေါင်း ၂၈၅ ခုရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အမှုအများဆု...

စားသုံးသူနစ်နာဆုံးရှုံးသဖြင့် တိုင်ကြားမှုများအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တိုင်ကြားမှုပေါင်း ၂၈၅ ခုရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အမှုအများဆုံးဖြစ်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ကုန်စည်တိုင်ကြားမှု ၄၈ ခု၊ ဝန်ဆောင်မှုတိုင်ကြားမှု ၂၃၇ ခု၊ စုစုပေါင်း ၂၈၅ ခု လက်ခံရရှိခဲ့ရာ၂၄၄ ခု ဖြေရှင်းပြီးစီးခဲ့ပြီး ဖြေရှင်းရန် ကျန် ၄၁ ခုကို ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိတယ်လို့ ဌာနမှ သိရပါတယ်။

အဆိုပါ အမှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် တိုင်ကြားလက်ခံရရှိမှု ၁၆၃ ခုဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယအများဆုံး၊ ပဲခူးတိုင်းဒေသကြီးက တတိယ အများဆုံးဖြစ်ကြောင်းတွေ့ရတယ်လို့ သိရပါတယ်။ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင် တိုင်ကြားမှု နည်းပါးနေတာကိုတွေ့ရပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိတယ်လို့လည်း ဌာနမှ သိရပါတယ်။


news-view-count-icon

28