back

ပြည်တွင်း၌ ရွှေဘိုပေါ်ဆန်း‌ အမြင့်ဆုံး ၂၅၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေ

Feb 26 • 3:12 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ ရွှေဘိုပေါ်ဆန်း‌ အမြင့်ဆုံး ၂၅၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေ

ပြည်တွင်း ဆန်စပါးဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၈၀,၀၀၀ ကျပ်မှ အမြင့်ဆုံး ၂၅၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေပြီး ဝယ်လိုအား အလွန်ကောင်းနေသည်။ ထို့အတူ စလင်းန...

ပြည်တွင်း ဆန်စပါးဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၈၀,၀၀၀ ကျပ်မှ အမြင့်ဆုံး ၂၅၀,၀၀၀ ကျပ်အထိ ဈေးပေါက်နေပြီး ဝယ်လိုအား အလွန်ကောင်းနေသည်။ ထို့အတူ စလင်းနှင့် ကုန်းဇောင်းထွက် ဧရာပဒေသာနှင့် ဧရာဝတီပေါ်ဆန်းတို့မှာလည်း အမြင့်ဈေးတန်းတွင် တည်ရှိနေသည်သို့သော် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုတွင် အဓိကကျသော ဧည့်မထအုပ်စုဝင် ဆန်စပါးများမှာမူ ဈေးကွက်အေးနေသည်။ စပါးဈေးမှာ တင်း ၁၀၀ လျှင် ၁၄ သိန်းကျပ်ဝန်းကျင်သာရှိပြီး ဆန်တစ် အိတ်လျှင် ကျပ် ၅၀,၀၀၀ ကျော်သာ ဈေးရှိကြောင်း သိရသည်။

news-view-count-icon

31