ထိုင်းနိုင်ငံတွင် ညဘက်ဆို ရှောင်တခင်စစ်တဲ့ Breathlyser Test နဲ့ အစစ်မခံတဲ့သူတွေကို မူးပြီး မောင်းတယ်လို့ သတ်မှတ်မှာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ Gen Samran Nualma က သူတိ့ သတ်မှတ်ထားတဲ့ ၂၀၂၆ ယာဥ်အန္တရာယ်ဘေးကင်းရေးပေါ်လစီမှာ နိုင်ငံနဲ့အဝန်းဘေးကင်းတဲ့ ယာဥ်မောင်းဥပဒေတွေကို ဦးစားပေးသတ်မှတ်ထားတယ်လို့ဆိုပါတယ်။ ဒီထဲမှာ အန္တရာယ်များတဲ့ ဖြစ်ရပ်တစ်ခုက မူးပြီး ကား/ဆိုင်ကယ် မောင်းတာဖြစ်လို့ ဒီကိစ္စကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မယ်လို့ဆိုပါတယ်။ အရက်မူးပြီး မောင်းမယ်ဆို ထိုင်းမှာ ဘတ် ၅ ထောင်ကနေ ၂ သောင်းအထိ ဒဏ်ငွေ (သို့) ထောင်ဒဏ် ၁ နှစ် (သို့) ပြစ်ဒဏ် ၂ ခုလုံးကျခံရနိုင်တယ်လို့ဆိုပါတယ်။ ယာဥ်မတော်တဆမှုက ပြင်းထန်မယ်ဆို ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပြီး ခဏ ခဏ မူးပြီးမောင်းတာမိရင် ဘတ် ၁ သိန်း ဒဏ်ငွေနဲ့ လိုင်စင်သိမ်းခံရတာမျိုးဖြစ်နိုင်ပါတယ်။
Feb 26 • 2:50 AM
Thailand
Local News
Share
| 12 | 0 | 0 | 0 |


