back

မကွေး၌ လေပြင်းဘေးကြောင့် ငါးနှစ်အတွင်း နေအိမ်(၈,၀၀၀)ကျော် ပျက်စီးခဲ့

Feb 26 • 2:38 AM

breaking-news

Myanmar

Magway

cover

မကွေး၌ လေပြင်းဘေးကြောင့် ငါးနှစ်အတွင်း နေအိမ်(၈,၀၀၀)ကျော် ပျက်စီးခဲ့

မကွေးတိုင်းဒေသကြီးမှာ ငါးနှစ်တာကာလအတွင်း လေပြင်းဘေးကြောင့် နေအိမ်(၈,၀၀၀)ကျော် ထိခိုက်ပျက်စီး ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု...

မကွေးတိုင်းဒေသကြီးမှာ ငါးနှစ်တာကာလအတွင်း လေပြင်းဘေးကြောင့် နေအိမ်(၈,၀၀၀)ကျော် ထိခိုက်ပျက်စီး ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဝန်ကြီးချုပ်ဦးတင့်လွင်က ပြောပါတယ်။ ဖေဖော်ဝါရီလ(၂၄)ရက်က မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုအဖွဲ့ ညှိနှိုင်းအစည်း အဝေးမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ မိုးကြိုကာလဖြစ်တဲ့ ဧပြီ၊ မေလတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ လေပြင်းဘေးကြောင့် အခုလို ဖြစ်ပွားတာဖြစ်ပြီး နေအိမ် တွေ ထိခိုက်ပျက်စီးမှု များပြားတာကြောင့် ကြိုတင်သတိပြုဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။ဒါ့အပြင် မကွေးတိုင်းဒေသကြီးအနေနဲ့ နှစ်စဉ် ဇူလိုင်လနဲ့ ဩဂုတ်လတွေမှာ ရေဘေးဖြစ်ပွားမှု အများဆုံးဖြစ်ပေါ် နေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ မီးဘေးကြီးအနေနဲ့ ကြုံတွေ့ခဲ့ရတာကလည်း၂၀၂၀ ပြည့်နှစ်က မင်းဘူးမြို့နယ်၊ အိုးပြင်မဲကျေးရွာ မီးဘေး၊ ၂၀၂၂ ခုနှစ်က မင်းဘူးမြို့နယ်၊ ကိုင်းမကြီးရွာ မီးဘေး၊ ၂၀၂၃ ခုနှစ်က မင်းဘူးမြို့နယ်၊ ခံကုန်းရွာမီးဘေး၊ ၂၀၂၄ ခုနှစ်က မင်းတုန်းမြို့နယ်၊ မှန်(ရွာမ)ကျေးရွာနဲ့ကျွန်းတောကျေးရွာ မီးဘေး၊ စေတုတ္တရာ မြို့နယ် လက်ပရွာမီးဘေး၊ ၂၀၂၅ ခုနှစ်က ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမီးဘေးတွေ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း အိမ်ခြေ ၈,၀၀၀ ကျော် ထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

news-view-count-icon

17