back

ထိုင်းနိုင်ငံ၊ကန်ချနဘူရီ၌ ယနေ့နံနက် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ကာ ၂၃ ဦး ဒဏ်ရာရရှိ

Feb 26 • 2:36 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ကန်ချနဘူရီ၌ ယနေ့နံနက် တရားမဝင် မြန်မာလုပ်သားများ တင်ဆောင်လာသည့်ကား တိမ်းမှောက်ကာ ၂၃ ဦး ဒဏ်ရာရရှိ

ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာလုပ်သားများကို တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးသည် အဝေးပြေးရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို အရှိန်ပြင်းစွာ မောင်းနှင်ရှေ...

ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာလုပ်သားများကို တင်ဆောင်လာသည့် ပစ်ကပ်ကားတစ်စီးသည် အဝေးပြေးရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကို အရှိန်ပြင်းစွာ မောင်းနှင်ရှောင်တိမ်းရာမှ လမ်းချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား ၂၃ ဦး လမ်းပေါ်သို့ လွင့်စင်ကျကာ ဒဏ်ရာရရှိခဲ့သည်။ယနေ့ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် ကန်ချနဘူရီမြို့မ၊ ဝမ်ဒုန်း (Wang Dong) ကျေးရွာအုပ်စု၊ ဘန်နောင်ဆမ်ဖရန် (Ban Nong Sam Phran) အရပ်၌ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဝေးပြေးရဲတပ်ဖွဲ့သည် ဆိုင်ယုတ် (Sai Yok) မြို့နယ်မှစတင်ကာ အဆိုပါ သံသယဖြစ်ဖွယ်ကားကို လိုက်လံတားဆီးခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူက အရှိန်ပြင်းစွာ မောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။အခင်းဖြစ်နေရာတွင် ဘန်ကောက်လိုင်စင်နံပါတ်ပါ မစ်ဆူဘီရှီ (Mitsubishi) ပစ်ကပ်ကားတစ်စီး ဆိုးရွားစွာ ပျက်စီးနေသည်ကို တွေ့ရသည်။ ကားပေါ်တွင် မြန်မာလုပ်သား ၅၀ မှ ၆၀ ခန့်အထိ ပြည့်ကျပ်စွာ တင်ဆောင်လာခြင်းဖြစ်ပြီး ကားမှောက်ချိန်တွင် လမ်းပေါ်သို့ လွင့်စင်ကျခဲ့ကြသည်။ ဒဏ်ရာရရှိသူ ၂၃ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဖဟွန်ဖွန်ဖယူဟာဆီနာ (Phaholpolpayuhasena) ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရသည်။ဒဏ်ရာမရရှိဘဲ ကျန်ရစ်သည့် မြန်မာလုပ်သားများကိုမူ အာဏာပိုင်များက ထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူရန်နှင့် နောက်ကွယ်မှ လူကုန်ကူးသည့် ဂိုဏ်းဝင်များကို ဖော်ထုတ်နိုင်ရန် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

news-view-count-icon

13