back

စင်ကာပူ Kallang River မြစ်ထဲ ငါးဖမ်းရင်း ရေထဲပြုတ်ကျသွားတဲ့ ၁၃ နှစ်အရွယ် ကောင်လေးတစ်ဦး ပျောက်ဆုံးနေ

Feb 26 • 2:00 AM

breaking-news

Singapore

Local News

cover

စင်ကာပူ Kallang River မြစ်ထဲ ငါးဖမ်းရင်း ရေထဲပြုတ်ကျသွားတဲ့ ၁၃ နှစ်အရွယ် ကောင်လေးတစ်ဦး ပျောက်ဆုံးနေ

စင်ကာပူနိုင်ငံ Kallang River မြစ်အတွင်း အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်ယောင်္ကျားလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အရေးပေါ်လုပ်ဆောင်နေ...

စင်ကာပူနိုင်ငံ Kallang River မြစ်အတွင်း အသက် ၁၃ နှစ်အရွယ် ဆယ်ကျော်သက်ယောင်္ကျားလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အရေးပေါ်လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်ခန့်က Upper Boon Keng Road, Block 8B အနီးက မြစ်ကမ်းနားမှာ လူငယ်တစ်စုကို တွေ့ရှိခဲ့ရပြီး ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်မှာတော့ ရေနစ်မှုဖြစ်ပွားကြောင်း စင်ကာပူရဲတပ်ဖွဲ့ထံ သတင်းပေးပို့ချက် ရောက်ရှိလာခဲ့တာပါ။Lianhe Zaobao သတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါ ၁၃ နှစ်အရွယ် ကောင်လေးဟာ မြစ်ကမ်းနားမှာ ငါးဖမ်းနေရင်း ရေထဲကို ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။သတင်းရရချင်းမှာပဲ စင်ကာပူရဲတပ်ဖွဲ့ (SPF) နဲ့ စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) တို့ဟာ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာပြီး ရှာဖွေရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ SCDF ရဲ့ ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ (DART) က ရေအောက်ထဲအထိ ဆင်းပြီး ရှာဖွေခဲ့ကြသလို မြစ်ကမ်းနားတစ်လျှောက်မှာလည်း ရဲတပ်ဖွဲ့က အဝါရောင်စည်းတွေတားပြီး လုံခြုံရေးယူထားခဲ့ပါတယ်။ ဒါပေမဲ့ ၄ နာရီကျော်ကြာအောင် ရှာဖွေခဲ့ပေမဲ့ ညမိုးချုပ်လာပြီး အလင်းရောင်အားနည်းလာတာကြောင့် ကယ်ဆယ်ရေးသမားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ရှာဖွေမှုကို ယာယီရပ်နားထားလိုက်ရပါတယ်။ ပျောက်ဆုံးနေတဲ့သူကို ရှာဖွေဖို့အတွက် မနက်ဖြန် မနက်အလင်းရောင်ရတာနဲ့ ရှာဖွေရေးလုပ်ငန်းတွေကို ပြန်လည်စတင်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ ရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို သေသေချာချာ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

news-view-count-icon

7