back

စင်ကာပူတွင် မုဒိ၊မ်းမှု ၂၀ ရာခိုင်နှုန်း မြင့်တက်

Feb 26 • 2:00 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် မုဒိ၊မ်းမှု ၂၀ ရာခိုင်နှုန်း မြင့်တက်

စင်ကာပူနိုင်ငံရဲ့ ၂၀၂၅ ခုနှစ်အတွင်း ရာဇ၀တ်မှုခင်း အခြေအနေတွေကို စင်ကာပူရဲတပ်ဖွဲ့ (SPF) က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ စင်ကာပူတစ်နိုင်ငံလု...

စင်ကာပူနိုင်ငံရဲ့ ၂၀၂၅ ခုနှစ်အတွင်း ရာဇ၀တ်မှုခင်း အခြေအနေတွေကို စင်ကာပူရဲတပ်ဖွဲ့ (SPF) က ထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ စင်ကာပူတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူကိုယ်တိုင်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး စုစုပေါင်း အမှုပေါင်း ၂၀,၈၅၇ မှုအထိ ရှိခဲ့တာကြောင့် ၂၀၂၄ ခုနှစ်က အမှုပေါင်း ၁၉,၉၆၉ မှုနဲ့ ယှဉ်ရင် ပိုများလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် မုဒိမ်းမှုနဲ့ ကာမဂုဏ်စော်ကားမှု (Molestation) တွေဟာ မြင့်တက်လာခဲ့ပေမဲ့၊ ချောင်း‌မြောင်း ကြည့်ရှုမှု (Voyeurism) ၊အိမ်ဖောက်ထွင်းမှု နဲ့ လူသ၊တ်မှု တွေကတော့ ပြန်လည်လျော့နည်းသွားတယ်လို့ သိရပါတယ်။သတင်းအချက်အလက်တွေအရ မုဒိမ်းမှုဖြစ်ပွားမှုဟာ ၂၀ ရာခိုင်နှုန်းနီးပါးအထိ သိသိသာသာ ခုန်တက်သွားခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ၄၀၁ မှုရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ ၄၇၉ မှုအထိ ရှိလာခဲ့ပါတယ်။ အလားတူပဲ ကာမဂုဏ်စော်ကားမှုတွေဟာလည်း ၇.၃ ရာခိုင်နှုန်း တိုးလာပြီး အမှုပေါင်း ၁,၅၃၁ မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုအမှုတွေဟာ နေအိမ်တွေ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ဖျော်ဖြေရေးနေရာတွေမှာ အများဆုံးဖြစ်ပွားခဲ့တာပါ။ စိတ်မကောင်းစရာတစ်ခုကတော့ ဒီလိုအမှုတွေရဲ့ ထက်ဝက်ကျော်မှာ ကျူးလွန်သူတွေဟာ နစ်နာသူတွေနဲ့ ရင်းနှီးသူ၊ သိကျွမ်းသူတွေ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့ ဖုန်းနဲ့ခိုးရိုက်တာ ဒါမှမဟုတ် ချောင်းကြည့်တာမျိုး (Voyeurism) အမှုတွေကတော့ ၆.၄ ရာခိုင်နှုန်း လျော့ကျသွားပါတယ်။

news-view-count-icon

6