back

ရှမ်းပြည်နယ်၊ကြူကုတ်ပန်ဆိုင်းတွင် မြန်မာပိုင်နက် ကျူးကျော်၍ တရုတ် ခြံစည်းရိုးကာ

Feb 26 • 1:59 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ကြူကုတ်ပန်ဆိုင်းတွင် မြန်မာပိုင်နက် ကျူးကျော်၍ တရုတ် ခြံစည်းရိုးကာ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကြူကုတ်ပန်ဆိုင်းတွင် တရုတ်က မြန်မာပိုင်နက်ကို ကျူးကျော်ပြီး တရုတ်က ခြံစည်းရိုးအသစ် ကာရံလိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်မျာ...

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ကြူကုတ်ပန်ဆိုင်းတွင် တရုတ်က မြန်မာပိုင်နက်ကို ကျူးကျော်ပြီး တရုတ်က ခြံစည်းရိုးအသစ် ကာရံလိုက်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။တရုတ်ဘက်က မြန်မာပိုင် ရေချောင်းကို ကျူးကျော် သိမ်းပိုက်ကာ ခြံစည်းရိုးအသစ် တည်ဆောက်လိုက်ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။“အရင် ခြံစည်းရိုးအဟောင်းက ရှိပြီးသား၊ ခြံစည်းရိုးအဟောင်းအရဆို ရေချောင်းက မြန်မာနိုင်ငံထဲမှာပါတာ အခု တရုတ်က ခြံစည်းရိုးအသစ် ခတ်လိုက်တာ ရေချောင်းတခုလုံး တရုတ်နိုင်ငံထဲ ရောက်သွားတယ်။ တရုတ် ထဲ ရောက်သွားတာ ပေ ၁၀၀ ထက်မနည်းဘူးဗျ။ ခြံစည်းရိုးအသစ်က အဟောင်းထက်တောင် ပိုမြင့်ပြီး ပိုခိုင်တယ်။”ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ကျူးကျော်ထားသည့် နေရာများကို တရုတ်ဖက်က သံတိုင်၊ သံဆူးကြိုး၊ သံဆူးခွေများဖြင့် ခြံစည်းရိုး အခိုင်အမာ ကာရံနေသည့်အပြင် မြန်မာပိုင် ရေချောင်းကို သိမ်းပိုက်ကာ မြေထိန်းနံရံများ လမ်းများပါ ဖောက်လုပ်ထားခြင်း ဖြစ်သည်ဟု ကိုင်စိုင်းလောင်က ဆိုသည်။

news-view-count-icon

42