ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khuangmual ကျေးရွာမှ အသက် ၅၇ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ယမန်နေ့ညက တောင်ယာမှာ မိုင်းနင်းမိလို့ သေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်။
ဖြစ်စဥ်မှာ Khuangmual ရွာသား Pu Hial Lian ဟာ ကော်ပီခြံမှာ သမင်ပစ်ဖို့သွားစဥ် မတော်တဆ မိုင်းနင်းမိတာကြောင့်သေဆုံးသွားပါတယ်။ ဒေသခံတစ်ဦးက “မနေ့ညနေ ၅ နာရီလောက်မှာ ဗုံးပေါက်ကွဲသံကြားတယ်။ သူက ညဘက်တောကောင်ပစ်ရင် ည ၁၂ နာရီလောက်မှာ ပုံမှန်အိမ်ပြန်လာတယ်။ မနေ့ည တညလုံးမပြန်ဘူး။ ဒီမနက်လည်း အိမ်ပြန်မလာတော့ ရွာသားတွေက လိုက်ရှာကြတယ်။ နေ့လယ်လောက်မှာ အလောင်းတွေ့တယ်။ ခါးအောက်ပိုင်းပြတ်တယ်၊ လက်နှစ်ဖက်လည်း ပြတ်ထွက်သွားတယ်” လို့ပြောပါတယ်။



