ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က ပွဲကစားမယ့်နေ့မှာ အသင်းကို ရောက်ရှိချိန်နောက်ကျတဲ့ ကစားသမားအနေနဲ့ ဒဏ်ငွေ ယူရို(၄၀,၀၀၀)ပေးရမယ်လို့ စည်းကမ်းထုတ်ထားကြောင်း ပတ်ဒရီနဲ့ ဖယ်ရန်တောရက်စ်တို့က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဟန်ဆီဖလစ်ခ်က ပွဲကစားမယ့်နေ့မှာ သတ်မှတ်ထားချိန်ထက် နောက်ကျပြီးမှ ရောက်ရှိလာတာဟာ အသင်းဖော်တွေအပေါ် လေးစားမှုမရှိခြင်းလို့ ယူဆတာကြောင့် အခုလို စည်းကမ်းတင်းကျပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။Spanish TV နဲ့ တွေ့ဆုံရာမှာ ပတ်ဒရီက ''အချိန်မှန်ဖို့ အာရုံစိုက်နေရပါတယ်။ ကျွန်တော်တို့ အပြောင်းအလဲနည်းနည်းရှိနေပါတယ်။ နောက်ကျရင် ဒဏ်ငွေဆောင်ရမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။ဖယ်ရန်တောရက်စ်ကတော့ '' နောက်ကျတာနဲ့ပတ်သက်ပြီး ဟန်ဆီဖလစ်ခ်က စည်းမျဉ်းအပြောင်းအလဲလုပ်ထားပါတယ်။ ပွဲကစားမယ့်နေ့မှာ နောက်ကျရင် ဒဏ်ကြေးယူရို (၄၀,၀၀၀)ပေးရမှာပါ'' လို့ ပြောကြားခဲ့ပါတယ်။
ပွဲကစားမယ့်နေ့မှာ အသင်းကို ရောက်ရှိချိန်နောက်ကျတဲ့ကစားသမား ဒဏ်ငွေ ယူရို(၄၀,၀၀၀)ပေးရမယ်လို့ ဟန်ဆီဖလစ်ခ် စည်းကမ်းသတ်မှတ်ထား
Feb 26 • 1:57 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


