back

အာဆင်နယ်တိုက်စစ်မှူး ယော်ကယ်ရက်စ်အပေါ် မှားယွင်းစွာတန်ဖိုးဖြတ်ခဲ့မိကြောင်း ကာရေဂါ ဝန်ခံပြောကြား

Feb 26 • 1:56 AM

breaking-news

Myanmar

International

cover

အာဆင်နယ်တိုက်စစ်မှူး ယော်ကယ်ရက်စ်အပေါ် မှားယွင်းစွာတန်ဖိုးဖြတ်ခဲ့မိကြောင်း ကာရေဂါ ဝန်ခံပြောကြား

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက အာဆင်နယ်တိုက်စစ်မှူး ယော်ကယ်ရက်စ်အပေါ် မှားယွင်းစွာ တန်ဖိုးဖြတ်ခဲ့မိကြောင်း ဝန်ခံပြောကြားခဲ...

ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်ကစားသမားဟောင်း ကာရေဂါက အာဆင်နယ်တိုက်စစ်မှူး ယော်ကယ်ရက်စ်အပေါ် မှားယွင်းစွာ တန်ဖိုးဖြတ်ခဲ့မိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ကာရေဂါက ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ယော်ကယ်ရက်စ်ဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့်ရဖို့ မထိုက်တန်ကြောင်းနဲ့ ဂျေးဇူးနဲ့ ဟာဗက်ဇ်တို့က ယော်ကယ်ရက်စ်ထက် ပိုသင့်လျော်ကြောင်း၊ ဟာဗက်ဇ် ကြံ့ခိုင်မှုမပြည့်ဝရင် ဂျေးဇူးကိုသာ အခွင့်အရေးပေးသင့်ကြောင်း ဝေဖန်ပြောကြားခဲ့တာပါ။ဒါပေမဲ့ စပါးနဲ့ပွဲမှာ ယော်ကယ်ရက်စ်က နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီးနောက်မှာတော့ ကာရေဂါက ယော်ကယ်ရက်စ်ရဲ့ စိတ်ဓာတ်ပိုင်းကို သဘောကျကြောင်းနဲ့ အလန်ရှီးယားလိုစိတ်ဓာတ်မျိုးရှိတဲ့ တိုက်စစ်မှူးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့ပါတယ်။

news-view-count-icon

23