back

ချင်းပြည်နယ်၊ကန်ပလက်မြို့ပေါ်မှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အိမ်ဝိုင်းရှင်းလင်း‌ ရေးမလုပ်ပါက ဒဏ်ငွေပေးဆောင်ရမယ်ဟုဆို

Feb 26 • 1:55 AM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ်၊ကန်ပလက်မြို့ပေါ်မှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အိမ်ဝိုင်းရှင်းလင်း‌ ရေးမလုပ်ပါက ဒဏ်ငွေပေးဆောင်ရမယ်ဟုဆို

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို ပေါ်မှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အိမ်ဝိုင်းရှင်းလင်း‌ ရေးမလုပ်ပါက ဒဏ်ငွေပေးဆောင်ရမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ...

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို ပေါ်မှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အိမ်ဝိုင်းရှင်းလင်း‌ ရေးမလုပ်ပါက ဒဏ်ငွေပေးဆောင်ရမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာ မြို့ပေါ်မှာ အိမ်ခြံမြေများ ပိုင်ဆိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ မကြာမီ အချိန်ကာလမှာ နွေရာသီရောက်ရှိလာမှာဖြစ်လို့ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာနိုင်တာ‌ ကြောင့် နေအိမ် ပတ်ဝန်းကျင် နှင့် အိမ်ရှေ့မျက်နှာစာ တွေကို ရှင်းလင်းရေးလုပ်ကြဖို့ ဆိုပါတယ်။အဲဒီ မြို့ပေါ်နေအိမ် တွေကို တော့လာမယ့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး ၃၀ ရက်အတွင်း မပျက်မကွက် သန့်ရှင်းရေးပြုလုပ်သွားကြဖို့လည်း သတိပေး တိုက်တွန်းထားပါတယ်။ထုတ်ပြန်တဲ့ သတ်မှတ်ရက်အတွင်း လိုက်နာ ဆောင်ရွက်မှုမရှိပါက အိမ်ဝိုင်း (၁) ဝိုင်းကိုဒဏ်ငွေ နှစ်သိန်းကျပ် နှုန်းနဲ့ ဒဏ်ငွေ ပေးဆောင်ရမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

news-view-count-icon

24