back

မန္တလေး၌ ဘုရားပွဲကာလ မီနီအိုးဝေငှားစီးခ ဈေးနှစ်ဆနီးပါးထိုးတက်သွား

Feb 26 • 1:55 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ ဘုရားပွဲကာလ မီနီအိုးဝေငှားစီးခ ဈေးနှစ်ဆနီးပါးထိုးတက်သွား

မန္တလေးမြို့နှင့်အနီး၀န်းကျင်တွင် ဘုရားပွဲတော်များကျင်းပနေစဉ်အတွင်း မီနီအိုးဝေငှားရမ်းခဈေးနှုန်းများ ထိုးတက်သွားကြောင်း ဒေသခံနှင့်ခရီးသွား၀န်ဆောင်မှုလုပ်ငန်း လု...

မန္တလေးမြို့နှင့်အနီး၀န်းကျင်တွင် ဘုရားပွဲတော်များကျင်းပနေစဉ်အတွင်း မီနီအိုးဝေငှားရမ်းခဈေးနှုန်းများ ထိုးတက်သွားကြောင်း ဒေသခံနှင့်ခရီးသွား၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ကြသူများမှ သိရသည်။

ပုံမှန်ငှားရမ်းခဈေးထက် တစ်ဆနီးပါးမြင့်တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။“ဘုရားပွဲသွားတာတွေတအားများတော့၊ အိုးဝေသမားတွေတွက်ချေကိုက်နေကြတယ်၊ ခက်တာက ငှားခဈေး တက်သွားတယ်ဗျာ၊ ပုံမှန်ထက်တစ်ဆလောက်ထိုးတက်သွားတာ၊ ဂိတ်ကြေးတွေကြောင့်လို့တော့ပြောတာပဲ” ဟု ဒေသခံတစ်ဦးကပြောသည်။ပြီးခဲ့သည့်ရက်သတ္တပတ်ကစ၍ ပုံမှန်ငှားရမ်းခ (၃၅,၀၀၀)ကျပ်ခန့် ပေးရသည့်ခရီးစဉ်တစ်ခုကို လက်ရှိတွင် ၆၀,၀၀၀ ကျပ်ခန့်ဖြင့် ငှားစီးနေရကြောင်း၊ ဘုရားပွဲသွားသည့်ခရီးစဉ်မဟုတ်ဘဲ မြို့တွင်းသွားလမ်းကြောင်းများကိုပါ ဈေးတိုးတောင်းနေကြကြောင်း သိရသည်။ကားရမ်းခဈေးတက်ရသော အကြောင်းရင်းနှင့်ပတ်သက်၍ ဘုရားပွဲတော်များသို့သွားလာရာလမ်းကြောင်း တစ်လျှောက် ပေးရသည့် လမ်းကြေး၊ ဂိတ်ကြေးများကြောင့်ဖြစ်ကြောင်း မီနီအိုးဝေအငှားယာဉ်မောင်များက ဆိုထားကြသည်။

news-view-count-icon

22