back

မွန်ပြည်နယ်တွင် ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ Grade 5 မှ Grade 11 အရွယ်ရှိ ကျောင်းသားများအတွက် နွေရာသီမွန်စာပေ အခမဲ့သင်တန်းဖွင့်လှစ်

Feb 26 • 2:01 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်တွင် ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ Grade 5 မှ Grade 11 အရွယ်ရှိ ကျောင်းသားများအတွက် နွေရာသီမွန်စာပေ အခမဲ့သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ Grade-5 မှ Grade-11 အရွယ် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလ၌ မွန်စာပေ စနစ်တကျ လေ့လာနိုင်ရန် ပုပ္ဖဟံသာပညာရေးဖောင်ဒေးရ...

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ Grade-5 မှ Grade-11 အရွယ် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလ၌ မွန်စာပေ စနစ်တကျ လေ့လာနိုင်ရန် ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ နွေရာသီမွန်စာပေသင်တန်းကို လာမည့် မတ်လ ၈ ရက်နေ့ (တနင်္ဂနွေနေ့)တွင် အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု အဖွဲ့တာဝန်ရှိသူများမှ သိရသည်။အခမဲ့ပညာဒါနသင်တန်းကို သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကျုံကရုတ်ရွာအဝင်လမ်းရှိ ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းကျောင်း၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး Grade-5၊ Grade-6၊ Grade-7၊ Grade-8၊ Grade-9 ၊Grade-10နှင့် Grade-11 တန်းကျောင်းသား၊ သူများအား လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။“ဒီနွေရာသီ ကျောင်းပိတ်ရက်မှာ ၅ တန်းကနေ ၉ တန်းအထိက တစ်ပိုင်း ၁၀ တန်းနဲ့ ၁၁ တန်းကတစ်ပိုင်း ခွဲပြီသင်ဖို့ရှိတယ်။ ဘာလို့ဆို အချို့က မွန်တတ်တယ်။ တချို့က ဘာမှမတတ်တာလဲရှိတယ်။ ဒါကြောင့် ခွဲပြီသင်မယ်။ မွန်စာကိုအဓိက သင်ကြားသွားမယ်။ ဒီထဲမှာမှ ကျောင်းသားတွေ စိတ်ဝင်တစားနဲ့ သင်ကြားနိုင်ဖို့ ကွန်ပျူတာ၊ အင်္ဂလိပ်စာတွေကိုလည်း သင်ကြားပေးမယ်” ဟု ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

news-view-count-icon

23