လာမယ့် မတ်လ ၃ ရက်တွင် လကြတ်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံမှ တစ်ကြိမ်သာမြင်ရမယ့် လကြတ်ခြင်းဖြစ်စဉ် ဖြစ်တယ်လို့ အာကာသနှင့် စကြဝဠာဆိုင်ရာ ပညာရှင်များထံက သိရပါတယ်။အဆိုပါ လ ကြတ်မည့်အချိန်ဟာ မတ်လ ၃ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ် မှ ည ၈ နာရီ ၅၃ မိနစ်အထိ ဖြစ်ပြီး နေ၊ ကမ္ဘာ နှင့် လ တို့ တစ်တန်းတည်း အနေအထား ကျရောက်မည့်အချိန် (တပေါင်းလပြည့်ချိန်) မှာ ကမ္ဘာရဲ့ အရိပ်စစ်ရှိတဲ့နေရာ (Umbra) အတွင်းသို့ လ ဝင်ရောက်ခြင်းနှင့်အတူ လကြတ်ခြင်း ဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံအများစု နဲ့ ပစိဖိတ်ရပ်ဝန်းဒေသ၊ အမေရိကတိုက် အနောက်ခြမ်းတို့မှာ မြင်တွေ့ကြရမှာဖြစ်တယ်လို့လည်း သိရပါတယ်။


