back

တရုတ်နိုင်ငံ၏ အွန်လိုင်းငွေပေးငွေယူမှုများက နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်အတွင်း မြင့်တက်

Feb 26 • 1:40 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၏ အွန်လိုင်းငွေပေးငွေယူမှုများက နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်အတွင်း မြင့်တက်

တရုတ်နိုင်ငံ၏ အွန်လိုင်းငွေပေးငွေယူမှုများမှာ မကြာသေးမီက ပြီးဆုံးသွားပြီဖြစ်သည့် နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်အတွင်း ပမာဏနှင့် တန်ဖိုး နှစ်မျိုးစလုံးတွင် သိ...

တရုတ်နိုင်ငံ၏ အွန်လိုင်းငွေပေးငွေယူမှုများမှာ မကြာသေးမီက ပြီးဆုံးသွားပြီဖြစ်သည့် နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်အတွင်း ပမာဏနှင့် တန်ဖိုး နှစ်မျိုးစလုံးတွင် သိသိသာသာ မြင့်တက်လာကြောင်း တရုတ်ပြည်သူ့ဘဏ် (PBOC) မှ ထုတ်ပြန်သည့် အချက်အလက်များက ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၃ ရက်အတွင်း တရုတ်အွန်လိုင်းငွေပေးချေမှုရှင်းလင်းရေးကုမ္ပဏီ NetsUnion Clearing Corporation နှင့် ကတ်ငွေပေးချေမှုလုပ်ငန်းကြီး China UnionPay တို့က စုစုပေါင်းတန်ဖိုး ယွမ် ၁၃.၁၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၉ ထရီလီယံခန့်) ရှိသော အွန်လိုင်းငွေပေးငွေယူမှုအရေအတွက် ၃၉.၃ ဘီလီယံခန့်ကို စီမံဆောင်ရွက်ခဲ့ကြောင်း PBOC ၏ ထုတ်ပြန်ချက်အရ သိရသည်။ယမန်နှစ် နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်ကာလနှင့် နှိုင်းယှဉ်ပါက ပျမ်းမျှနေ့စဉ်ငွေပေးငွေယူမှု အရေအတွက်မှာ ၃၇.၄၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှနေ့စဉ်ငွေပေးငွေယူမှုတန်ဖိုးက ၁၉.၂၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

news-view-count-icon

10