တရုတ်နိုင်ငံတစ်ဝန်းရှိ ဒေသအားလုံးတွင် ကိုးရက်ကြာ နှစ်သစ်ကူးနွေဦးပွဲတော်ရုံးပိတ်ရက်အတွင်းခရီးသည်ခရီးစဉ်အရေအတွက် ၂.၈ ဘီလီယံကျော် ရှိခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အချက်အလက်များက ဖေဖော်ဝါရီ ၂၄ ရက်၌ ဖော်ပြခဲ့သည်။တရုတ်နိုင်ငံတွင် "ချွင်းယွင့်" ဟု လူသိများသော နှစ်စဉ် နှစ်သစ်ကူးနွေဦးပွဲတော် ခရီးသွားကာလသည် ယခုနှစ်တွင် စံချိန်တင်မည်ဟု ခန့်မှန်းထားကြပြီး ယခုနှစ် ခရီးသွားကာလဖြစ်သော ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၁၃ ရက်အကြား တစ်နိုင်ငံလုံးတွင် ဒေသတွင်း ခရီးသည်ခရီးစဉ် ၉.၅ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
တရုတ်နှစ်သစ်ကူးနွေဦးပွဲတော်အားလပ်ရက်အတွင်း ဒေသတွင်းခရီးစဉ် ၂.၈ ဘီလီယံကျော်ကို တရုတ်နိုင်ငံ မှတ်တမ်းတင်
Feb 26 • 1:39 AM
China
Local News
Share
| 5 | 0 | 0 | 0 |


