နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်မွန်းတန်းကျေးရွာအုပ်စု၊ အာဟာရသုခဈေးအတွင်းမှာ ဖေဖော်ဝါရီ (၂၅)ရက် ညပိုင်းမှာ မီးလောင်မှုဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။အဲဒီမီးလောင်မှုဟာ ည(၈)နာရီ(၄၆)မိနစ်အချိန်လောက်ကစတင်ဖြစ်ပွားတာဖြစ်ပြီး မီးလောင်မှုဖြစ် ပွားရာနေရာကို ပျဉ်းမနားမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ သွားရောက်ငြှိမ်းသတ်နေ တယ်လို့ဆိုပါတယ်။ အဲဒီမီးလောင်မှုကို ငြှိမ်းသတ်နေရာ ည(၉)နာရီ (၄)မိနစ်အချိန်လောက်မှာ မီးထိန်းနိုင်ခဲ့ပြီး ည(၉)နာရီ(၃၂)မိနစ်အချိန်လောက်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။



