back

ရန်ကုန်မှာ ကန်ဒေါ်လာ ၃ သန်းကျော် ပမာဏရှိ အထည်ချုပ်ကဏ္ဍဆိုင်ရာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ခွင့်ပြုပေးခဲ့

Feb 26 • 1:43 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မှာ ကန်ဒေါ်လာ ၃ သန်းကျော် ပမာဏရှိ အထည်ချုပ်ကဏ္ဍဆိုင်ရာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ခွင့်ပြုပေးခဲ့

ရန်ကုန်တိုင်းဒေသကြီးမှာ အမေရိကန်ဒေါ်လာ ၃ သန်းကျော် ပမာဏရှိ အထည်ချုပ်ကဏ္ဍဆိုင်ရာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို ဖေဖော်ဝါရီ ၂...

ရန်ကုန်တိုင်းဒေသကြီးမှာ အမေရိကန်ဒေါ်လာ ၃ သန်းကျော် ပမာဏရှိ အထည်ချုပ်ကဏ္ဍဆိုင်ရာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၆)ကြိမ်မြောက်အစည်းအဝေး၌ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းမှာ စက်မှုကဏ္ဍ အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုတဲ့ Polyester အမျိုးမျိုး၊ Synthetic Fabrics and Lining Materials ထုတ်လုပ်၍ ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်းရောင်းချခြင်း လုပ်ငန်းဖြစ်ပြီး မတည်ရင်းနှီးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂၅ သန်းဖြစ်တယ်လို့ သိရပါတယ်။ ထိုအစည်းအဝေးမှာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ မတည်ရင်းနှီးငွေ တိုးမြှင့်မည့် လုပ်ငန်း ၂ ခု အပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာတဲ့ ကုမ္ပဏီ ၁၃ ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ် ပေးခဲ့တယ်လို့ သိရပါတယ်။

news-view-count-icon

20