ကရင်ပြည်နယ်၊ ဘားအံမြို့သည် ၂၀၂၆ ခုနှစ်အတွက် (၅)ကြိမ်မြောက် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော်ဆု (5th ASEAN Clean Tourist City Award) ကို ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ဆုကို ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ASEAN Tourism Forum ၂၀၂၆ အခမ်းအနားတွင် ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ထို့နောက် ဆုတံဆိပ် လွှဲပြောင်းပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရသည်။



