ခရီးသွားများသည် ORTP စနစ် အသုံးပြုပြီး ရထားလက်မှတ်များဝယ်ယူရာတွင် မိမိတို့ကိုယ်စား တစ်ခြားတစ်ဦးတစ်ယောက်အား ဝန်ဆောင်မှု အခကြေးငွေပေး၍သော်လည်းကောင်း၊ အချက်အလက်များ စိစစ်ခြင်းမပြု၍သော်လည်းကောင်း အမည်၊ မှတ်ပုံတင်အမှတ်၊ ခရီးစဉ် အစရှိသော အချက်အလက်မှားယွင်းခြင်းများ ဖြစ်ပေါ်လာပါက မြန်မာ့မီးရထား နှင့် ORTP စနစ် တို့မှ တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ပါကြောင်း အသိပေးထားပြီးORTP Info by မြန်မာ့မီးရထား မှ လက်မှတ်ကိုယ်စားဝယ်ယူပေးရန် မည်သူတစ်ဦးတစ်ယောက်ကိုမှ တရားဝင်ခန့်အပ် တာဝန်ပေးအပ်ထားခြင်းမရှိ၍ ခရီးသွားများသည် မိမိတို့ သွားလိုသည့်ခရီးအတွက် ရထားလက်မှတ်များကို ORTP စနစ်အတွင်း ကိုယ်တိုင်ကိုယ်ကျဝယ်ယူခြင်း၊ အချက်အလက် မှန်မှန်ကန်ကန် ဖြည့်သွင်းခြင်းသည်သာ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ကြောင်း အသိပေးထားပါသည်။



