ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ မြကန်သာ နှင့် ၀ါးပြား ရေစုကန်တို့တွင် ရေခန်းခြောက်မှုများ စတင် ကြုံတွေ့လာရပြီး နွေရာသီ မရောက်ခင် ရေရှားပါးလာမည့် နိမိတ် ဖြစ်ကြောင်း မြို့ခံများက သုံးသပ်ပြောဆိုနေကြသည်။မြကန်သာတွင် ဖေဖော်ဝါရီလ အစောပိုင်းမှ စ၍ ရေလျော့နည်း ခန်းခြောက်နေခြင်း ဖြစ်ကာ ကုန်းပေါ်နေကြောင်း သိရသည်။ထို့ပြင် ဝါးပြား လမ်းဆုံရှိ ဂနိုင်ကန် အမှတ်(၁) ၊ (၂) ၊ (၃) တို့ရှိ ရေကန်များတွင်လည်း ရေလျော့နည်း ခန်းခြောက်နေပြီး ၊ တစ်မြို့လုံးရှိ ရေတွင်းရေကန် ၊ ရေထွက်အားလုံး ရေခန်းခြောက် လာနေပြီ ဖြစ်ကြောင်း သိရသည်။တောင်ကြီးမြို့ရှိ အဝီစိတွင်း ရေများလည်း ရေ အထွက်နည်းလာကာ နွေရာသီ ရောက်လျှင် ရေရှားပါးမှု အခက်အခဲ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြောင်း သိရသည်။



