back

ကြောင်စာ၊ ခွေးစာမှအစ ကော်ဖီအဆုံး ထိုင်းကုန်စည်များ ပြောင်တလင်းခါ ပြတ်လပ်နေ

Feb 25 • 12:17 PM

breaking-news

Myanmar

Local

cover

ကြောင်စာ၊ ခွေးစာမှအစ ကော်ဖီအဆုံး ထိုင်းကုန်စည်များ ပြောင်တလင်းခါ ပြတ်လပ်နေ

ယခုလက်ရှိတွင် ပြည်တွင်း၌ ထိုင်းကုန်စည်းများအကြီးအကျယ်ပြတ်လပ်ရခြင်းသည် စစ်ကော်မရှင်က သွင်းကုန်လိုင်စင် လုံလောက်စွာချမပေးခြင်း၊ နှစ်စဉ် ဒေါ်လာဘီလီယံချီကုန်သွယ်သည့...

ယခုလက်ရှိတွင် ပြည်တွင်း၌ ထိုင်းကုန်စည်းများအကြီးအကျယ်ပြတ်လပ်ရခြင်းသည် စစ်ကော်မရှင်က သွင်းကုန်လိုင်စင် လုံလောက်စွာချမပေးခြင်း၊ နှစ်စဉ် ဒေါ်လာဘီလီယံချီကုန်သွယ်သည့် မြဝတီနယ်စပ်ရှိ အမှတ် (၂) တံတားပိတ်ပင်ခြင်းနှင့် လိုင်စင်မဲ့ကုန်စည်များကို အကြီးအကျယ်ဖမ်းဆီးနေခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များက သုံးသပ်ကြသည်။ မန္တလေးမြို့ရှိ ကိုကျော်နိုင်(အမည်လွှဲ) အလုပ်လုပ်နေသော နာမည်ကြီး City Mart အရောင်းဆိုင်ကြီး တစ်ခုပေါ်တွင် ယခင် ထိုင်းမှတင်သွင်းသည့် လူသုံးကုန်နှင့် စားသောက်ကုန်များ စုံစုံလင်လင် ခင်းကျင်းရောင်းချနေရာမှ ယခုအခါ ထိုင်းပစ္စည်းများ လုံးဝမရှိတော့ဘဲ ပြောင်တလင်းခါနေသည်။



news-view-count-icon

23