back

ရွာငံမြို့နယ်ရှိ အုတ်ရိုက်လုပ်ကိုင်သည့် လင်မယားနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

Feb 25 • 12:15 PM

breaking-news

Myanmar

Shan

cover

ရွာငံမြို့နယ်ရှိ အုတ်ရိုက်လုပ်ကိုင်သည့် လင်မယားနှစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအုပ်စု၊ ပွေးနဖားရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့၌ လင်မယားနှစ်ဦး တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဇနီးဖြစ်သူမ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအုပ်စု၊ ပွေးနဖားရွာတွင် ဖေဖော်ဝါရီ ၂၁ ရက်နေ့၌ လင်မယားနှစ်ဦး တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဇနီးဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကာ ခင်ပွန်းဖြစ်သူမှာ လက်ရှိတွင် တောင်ကြီးဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။အဆိုပါ ပွေးနဖားကျေးရွာအတွင်းသို့ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး နွားဘန်းကြီးကျေးရွာတွင်လည်း ညဘက်အချိန်များ၌ အိမ်တိုင်းသို့ လာရောက်ကာ လူစုံမစုံ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြရသည်။


news-view-count-icon

16