back

သီလရှင်များ လိုက်ပါလာသည့်ကား ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

Feb 25 • 12:13 PM

breaking-news

Myanmar

Shan

cover

သီလရှင်များ လိုက်ပါလာသည့်ကား ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရ...

ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် ဘရိတ်ပေါက်တာ ယာဉ်တိမ်းမှောက်ခဲ့ပြီး သီလရှင် (၁၀)ပါးထက် မနည်းဒဏ်ရာရပြီး ထိုထဲမှ ငါးဦးသည် ဒဏ်ရာပြင်းထန်ကြောင်း သွားရောက်ကူညီသည့် အမျိုးသားတစ်ဉီးက ပြောသည်။ အဆိုပါ သီလရှင်များကို စစ်ကိုင်းမြို့မှ ဘုန်းကြီးကျောင်းသို့သွားရောက်စာသင်ရန်အတွက် တောင်ကြီးမြို့နယ် ၊ဆီဆိုင်၊ ဟိုပုံးဘက်မှ သီလရှင်များကို ခေါ်ယူလာကြောင်း ၎င်းက ဆက်ပြောသည်။ဒဏ်ရာပြင်းထန်သော သီလရှင် ငါးပါးကို ယမန်နေ့ည ၉နာရီခွဲ အချိန်တွင် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်း ပို့ဆောင်လိုက်ရကြောင်း သိရသည်။



news-view-count-icon

19