မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်မှု စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅,၇၃၉ ဦး ဝင်ရောက်ဖြေဆိုနေကြောင်း ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။ ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ကျင်းပသည့် အဆိုပါစာမေးပွဲ၌ မော်လမြိုင်မြို့နယ်တွင် ၁,၂၂၅ ဦးဖြင့် အများဆုံးဖြေဆိုခဲ့ပြီး သထုံ၊ ရေး၊ ကျိုက်ထို၊ ပေါင်၊ ဘီးလင်း၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်တို့မှ ကျောင်းသားများလည်း သက်ဆိုင်ရာ စာစစ်ဌာနများတွင် အသီးသီး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ မြို့နယ်အသီးသီး၌ စာရင်းပေးသွင်းထားသူဦးရေနှင့် အမှန်တကယ် ဝင်ရောက်ဖြေဆိုသူဦးရေမှာ ကွာဟချက် အနည်းငယ်ရှိသော်လည်း ပြည်နယ်တစ်ဝန်းလုံး အတိုင်းအတာဖြင့် ဖြေဆိုသူ ၅,၇၀၀ ကျော်ရှိကြောင်း သိရသည်။
Feb 25 • 6:50 AM
Myanmar
Mon
Share
| 20 | 0 | 0 | 0 |


