ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းနှင့် ရန်ကုန်-ပုသိမ် လမ်းပိုင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ထို့ပြင် ခရီးသွားများနှင့် ဘုရားဖူးများ အဆင်ပြေစေရန် မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်း၊ ငွေတောင်ကမ်းခြေနှင့် ကျောက်ကလပ်ဒေသများသို့ သွားလာနိုင်ရန် တိုးချဲ့စီစဉ်ခြင်းများကိုလည်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။ ပြည်တွင်းပြည်ပခရီးသွားများ စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်ရေးအတွက် ဟိုတယ်ဇုန်များ သန့်ရှင်းရေးနှင့် ကမ်းခြေသာယာလှပရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း သိရသည်။



