back

ရနောင်းတွင် လူငယ်များအား မူးယစ်ဆေးရောင်းချနေသည့် မြန်မာအမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

Feb 25 • 6:47 AM

breaking-news

Thailand

Local News

cover

ရနောင်းတွင် လူငယ်များအား မူးယစ်ဆေးရောင်းချနေသည့် မြန်မာအမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ရှိ အငှါးခန်းဝန်းတစ်ခုအတွင်း လူငယ်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား မူးယစ်ဆေးဝါး စုဖွဲ့ရောင်းချနေကြောင်း သတင်းအရ ရေကြောင်းရဲတပ်...

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်ရှိ အငှါးခန်းဝန်းတစ်ခုအတွင်း လူငယ်များနှင့် ရွှေ့ပြောင်းအလုပ်သမားများအား မူးယစ်ဆေးဝါး စုဖွဲ့ရောင်းချနေကြောင်း သတင်းအရ ရေကြောင်းရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသား ကိုစိုးစိုးဆိုသူအား စိတ်ကြွဆေးပြား (ယာဘ) ၁၁၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အလုပ်လက်မဲ့ဖြစ်နေသည့် အဆိုပါ မြန်မာအမျိုးသားသည် သူငယ်ချင်းဖြစ်သူထံမှ ဆေးပြားများဝယ်ယူ၍ ကိုယ်တိုင်သုံးစွဲရန်နှင့် ပြန်လည်ရောင်းချရန် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ၎င်း၏ထံတွင် နေထိုင်ခွင့်အထောက်အထားလည်း မရှိကြောင်း သိရသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က ၎င်းအား မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု၊ သုံးစွဲမှုနှင့် တရားမဝင် ဝင်ရောက်နေထိုင်မှု ပုဒ်မများဖြင့် ရနောင်းရေကြောင်းရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

news-view-count-icon

13