ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ သံအမတ်ကြီး ဦးဇော်ထွန်းဦးသည် ကနေဒါနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E Mr. Darm Boontham နှင့် ဖေဖော်ဝါရီ ၂၄ ရက်က အော်တာဝါမြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံကာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရေးနှင့် ပြည်သူအချင်းချင်း ဆက်သွယ်မှု ပိုမိုခိုင်မာစေရေး၊ အိမ်ရှင်ကနေဒါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးမှုနှင့် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေမှုများကိုပါ အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် ထိုင်းသံအမတ်သစ် တွေ့ဆုံပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေး
Feb 25 • 6:45 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


