back

ချန်ပီယံလိဂ်(၁၆)သင်းအဆင့် တက်ရောက်နိုင်တဲ့ ပထမဆုံးနော်ဝေကလပ်အဖြစ် ဘိုဒိုဂလင့်အသင်း မှတ်တမ်းဝင်

Feb 25 • 6:35 AM

breaking-news

Myanmar

International

cover

ချန်ပီယံလိဂ်(၁၆)သင်းအဆင့် တက်ရောက်နိုင်တဲ့ ပထမဆုံးနော်ဝေကလပ်အဖြစ် ဘိုဒိုဂလင့်အသင်း မှတ်တမ်းဝင်

နော်ဝေကလပ် ဘိုဒိုဂလင့် အသင်းသည် ချန်ပီယံလိဂ် Play-offs ဒုတိယအကျော့တွင် အင်တာမီလန်အသင်းကို ၂-၁ ဂိုး (နှစ်ကျော့ပေါင်း ၅-၂ ဂိုး) ဖြင့် ထပ်မံအနိုင်ယူကာ ချန်ပီယံလိဂ်...

နော်ဝေကလပ် ဘိုဒိုဂလင့် အသင်းသည် ချန်ပီယံလိဂ် Play-offs ဒုတိယအကျော့တွင် အင်တာမီလန်အသင်းကို ၂-၁ ဂိုး (နှစ်ကျော့ပေါင်း ၅-၂ ဂိုး) ဖြင့် ထပ်မံအနိုင်ယူကာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်သို့ တက်ရောက်နိုင်သည့် ပထမဆုံးသော နော်ဝေကလပ်အသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ ယခုရာသီမှသာ ချန်ပီယံလိဂ်ကို ပထမဆုံး စတင်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ဘိုဒိုဂလင့်သည် မန်စီးတီး၊ အက်သလက်တီကိုနှင့် အင်တာမီလန်ကဲ့သို့ ထိပ်သီးအသင်းများကို ဆက်တိုက်အနိုင်ယူပြီး အံ့အားသင့်ဖွယ် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ အင်တာမီလန်နည်းပြ ချီဗူးကလည်း ဘိုဒိုဂလင့်၏ စွမ်းဆောင်ရည်မှာ ကံကောင်းခြင်းသက်သက်မဟုတ်ဘဲ စွမ်းအင်အပြည့်ရှိသည့်အသင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး၊ ဘိုဒိုဂလင့်သည် (၁၆) သင်းအဆင့်တွင် မန်စီးတီး သို့မဟုတ် စပို့တင်းလစ္စဘွန်းတို့နှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အဖြေအတိအကျကို လာမည့်သောကြာနေ့ မဲခွဲပွဲတွင် သိရှိရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

21