၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီ ၄၆ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၏ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာ (မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၂ မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် ၂၄.၉၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၁၁ ဒီဂရီ၊ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း သိရသည်။
Feb 25 • 6:34 AM
Myanmar
Kachin
Share
| 17 | 0 | 0 | 0 |


