ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အီတလီကလပ်အသင်းများဖြစ်ကြသည့် နာပိုလီ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်နှင့် အတ္တလန်တာတို့သည် ရလဒ်များ ဆိုးရွားနေသဖြင့် ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် (၁၆) သင်းအဆင့်သို့ တစ်သင်းမျှ တက်ရောက်နိုင်ခြင်းမရှိသည့် မှတ်တမ်းဆိုးနှင့် ရင်ဆိုင်ရမည့်အန္တရာယ် ရှိနေသည်။ နာပိုလီသည် အဆင့် (၃၀) ဖြင့် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီးဖြစ်သလို၊ အင်တာမီလန်မှာလည်း ဘိုဒိုဂလင့်ကို ရှုံးနိမ့်ကာ Play-offs အဆင့်မှ ထွက်ခဲ့ရပြီးဖြစ်သည်။ ကျန်ရှိနေသည့် ဂျူဗင်တပ်စ်နှင့် အတ္တလန်တာတို့သည်လည်း Play-offs ပထမအကျော့ပွဲစဉ်များတွင် ဂါလာတာစာရေးနှင့် ဒေါ့မွန်အသင်းတို့ကို အသီးသီး ရှုံးနိမ့်ထားသဖြင့် ဒုတိယအကျော့တွင် ဂိုးပြတ်နိုင်ပွဲများ မဖြစ်မနေ ပြန်လည်ရယူနိုင်မှသာ အီတလီဘောလုံးလောက၏ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ကို တစ်သင်းမှ တက်ရောက်နိုင်ခြင်းမရှိတဲ့ မှတ်တမ်းဆိုးနဲ့ အီတလီကလပ်တွေ ရင်ဆိုင်ရနိုင်ခြေရှိနေ
Feb 25 • 6:33 AM
Myanmar
International
Share
| 21 | 0 | 0 | 0 |


