ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် (၂) ရှိ TITAN TREE MYANMAR အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ပေးရန် တောင်းဆိုနေသည့် အလုပ်သမား ၄၀၀ ကျော်သည် အလုပ်ရှင်ဘက်မှ ခေါ်ယူထားသော လူမိုက်များ၏ ဓားကိုင်ခြိမ်းခြောက်မှုကို ခံနေရကြောင်း မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) က ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အလုပ်သမားများက တစ်ရက်လုပ်ခ ၁၂,၀၀၀ ကျပ်အထိ တိုးပေးရန်၊ ရက်မှန်ကြေးနှင့် ဂရိတ်ကြေးများ တိုးမြှင့်ပေးရန်နှင့် အလုပ်သမားအခွင့်အရေးများ လိုက်နာရန် ဖေဖော်ဝါရီ ၁၉ ရက်ကတည်းက တောင်းဆိုနေခြင်းဖြစ်သော်လည်း အလုပ်ရှင်ဘက်မှ တစ်စုံတစ်ရာ လိုက်လျောခြင်းမရှိဘဲ စစ်သားများ၊ အုပ်ချုပ်ရေးဝန်ထမ်းများနှင့် လူမိုက်များကို အသုံးပြုကာ ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ လက်ရှိတွင် စက်ရုံအတွင်းနှင့် အပြင်၌ လူမိုက်များ စောင့်ကြည့်နေသဖြင့် အလုပ်သမားများ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေရပြီး အဆိုပါစက်ရုံမှ ချုပ်လုပ်နေသည့် နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်သော CHEEKY၊ CDRL နှင့် COCCODRILLO တို့အနေဖြင့် သိရှိဖြေရှင်းပေးရန် FGWM က တိုက်တွန်းထားကြောင်း သိရသည်။
လှိုင်သာယာ စက်မှုဇုန် ၂ အထည်ချုပ်စက်ရုံမှာ လုပ်ခလစာတိုးတောင်းတဲ့ အလုပ်သမားတွေ လူမိုက်တွေ ခေါ်ပြီး ခြိမ်းခြောက်ခံနေရ
Feb 25 • 6:32 AM
Myanmar
Yangon
Share
| 20 | 0 | 0 | 0 |


