အိန္ဒိယနိုင်ငံ၊ ဂျဟားခန်ပြည်နယ်တွင် ဆေးဘက်ဆိုင်ရာ အရေးပေါ်ပို့ဆောင်ရေး လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၇ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ပျက်ကျသွားသော ဘိခ်ျခရက်ဖ်စီ-၉၀ (Beechcraft C-90) အမျိုးအစား လေယာဉ်ပေါ်တွင် လေယာဉ်မှူး ၂ ဦး၊ လူနာ ၁ ဦးနှင့် လူနာ၏ဆွေမျိုး ၄ ဦးတို့ လိုက်ပါလာခြင်းဖြစ်ပြီး ရန်ချီမြို့လေဆိပ်မှ ပျံတက်ပြီး မကြာမီမှာပင် ဆိုးရွားသော ရာသီဥတုကြောင့် လမ်းကြောင်းပြောင်းရန် မေတ္တာရပ်ခံခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်ကာ ပျက်ကျခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်လကလည်း လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုကြောင့် မဟာရက်ရှ်တြပြည်နယ် ဒုတိယဝန်ကြီးချုပ် အပါအဝင် လူ ၅ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
Feb 25 • 6:31 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


