ရန်ကုန်တိုင်းဒေသကြီး၊ ဝါးတစ်ရာစက်မှုဇုန်ရှိ SANYAN OUTDOOR အထည်ချုပ်စက်ရုံမှ အလုပ်သမား ၇၀၀ ခန့်သည် လုပ်ခလစာတိုးမြှင့်ပေးရန် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒုတိယမြောက်ရက်အဖြစ် ဆက်လက်တောင်းဆိုခဲ့ကြရာ စက်ရုံမန်နေဂျာက ဒေးကြေးတွင် မုန့်ဖိုးအဖြစ် တစ်ရက် ၁၀၀ ကျပ်သာ တိုးပေးမည်ဟု ပြောဆိုခဲ့သဖြင့် အလုပ်သမားများက လက်မခံဘဲ ငြင်းဆိုခဲ့ကြသည်။ အလုပ်သမားများဘက်မှ ဒေးကြေး ၁၂,၅၀၀ ကျပ်နှင့် အခြားခံစားခွင့်များ တိုးမြှင့်ပေးရန် တောင်းဆိုနေခြင်းဖြစ်ပြီး အလုပ်သမားဦးစီးဌာနများနှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်မပြေဖြစ်ခဲ့ကြောင်း သိရသည်။ စက်ရုံဘက်က မေလတွင် မုန့်ဖိုး ၁၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ တိုးပေးမည်ဟု ဆိုသော်လည်း အလုပ်သမားများက လက်မခံခဲ့ဘဲ စက်ရုံဘက်ကမူ ဆက်လက်တောင်းဆိုပါက အလုပ်မှထုတ်ပယ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။
| 19 | 0 | 0 | 0 |


